Monday, 13 January 2020
မထိုက်တန်သူ တစ်ယောက်နဲ့ လွဲတာဟာ တကယ်ထိုက်တန်သူနဲ့ တွေ့ဖို့ပါ
အချစ်ဆိုတာ ဖန်တီးယူလို့ မရဘူးဆိုတာ၊ ကိုသဘောကျမိတဲ့သူရဲ့ ငြင်းပယ်ခံရခြင်းက နာကျင်စရာဆိုတာ အားလုံးလက်ခံ ထားကြပါတယ်။ အထူးသဖြင့် မိန်းမသားတွေ အတွက် ကိုယ်စိတ် ဝင်စားတဲ့ ယောကျာ်း တစ်ယောက်ရဲက လျစ်လျူရှုခြင်း ကိုခံရခြင်းက ကိုယ့်ကိုယ်ကို ဝမ်းနည်းအားငယ် စိတ်ဝင်မိစရာပါ။
ဒါ တင်မကပဲ ကိုယ့်ကိုယ်ကို ယောကျာ်းတစ်ယောက်ရဲ့ ချစ်ခွင့်ပန်ရခြင်းနဲ့ မထိုက် တန်သူ အဖြစ်လည်း ခံစားတတ်ကြတယ်။
တကယ်တော့ ဒါက မှန်ကန်တဲက အတွေးမဟုတ်ပါဘူး။ ကိုယ်ချစ်တဲ့သူက ကိုယ်နဲ့ ထိုက်တန်တဲ့ ယောကျာ်းတစ်ယောက် မဟုတ်သေးတဲ့ အတွက် ကိုယ့်ကို တန်ဖိုးဖားပြီး ချစ်ခွင့်မပန်တာ ဖြစ်ပါတယ်။
အဲ့ဒီယောကျာ်းရဲ့ လှစ်လှူ ရှုခံရတော့မှာလို့ခံစားလိုက်တာက မဖြစ်သင့်သလို ကိုယ်ပိုင် ဆိုင်ထားတဲ့ အရည်အချေင်းတွေ အပေါ် သံသယဝင်တာမျိုးလည်း လုံးဝမဖြစ်သင့်ပါဘူး။ အချစ်ဆိုတာ ဘဝမဟုတ်တဲ့ အတွက် ယောကျာ်းတစ်ယောက်ရဲ့ လျစ်လျူရှုခံရတာနဲ့ ကိုယ့်ဘဝကို အရှုံးပေးတယ်ဆိုတာ မှားယွင်းချက် အဖြစ်လည်း သိမ်ငယ်စရာမလိုပါဘူး။
ကိုယ်အပေါ် ချစ်ခြင်း၊ မချစ်ခြင်းဆိုတာ တစ်ဖက်ကယောကျာ်းလေးရဲ့ ကိုယ်ပိုင်ရွေးချယ် ဆုံးဖြတ်ခွင့်သာ ဖြစ်ပါတယ်။ အဲ့ဒီဆုံးဖြတ်ချက်ကြောင့် ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ ဘဝကြီး တစ်ခုလုံးကို ပြောင်းလဲစရာ မလိုပါဘူး။
ကိုယ်မှာက ကိုယ်ပိုင်တန်ဖိုး၊ကိုယ်ပိုင်ရပ်တည်မှု သီးသန့်ရှိပြီးသားပါ။ ယောကျာ်းတစ်ယောက် ရဲ့ ချစ်ခြင်းပေါ်မှုတည်ပြီး ဘဝကို ရှင်သန်နေရမယ့်သူမဟုတ်ပါဘူး။
ဘဝလမ်းဆိုတာ အရှည်ကြီးဖြစ် တဲ့ အတွက်ကိုယ်နဲ့တကယ်ထိုက်တန်တဲ့ယောကျာ်းတစ်ယောက်နဲ့ တွေ့ဆုံတဲ့အခါ ကိုယ်ဟာ အဲ့ဒီ ယောကျာ်းတစ်ယောက်ရဲ့ တန်ဖိုးထားရဆုံးသူလေး တစ်ယောက်ဖြစ်လာမှာ အသေအချာပါပဲ။ ဒါကြောင့် ကိုယ့်တန်ဖိုး ကိုယ်နှိမ့်ချပြီး ဘယ်တော့မှ လျှော့မတွက်မိပါစေနဲ့။
ကိုယ်နဲ့ တကယ်ထိုက်တန်သူနဲ့တွေ့တဲ့ အခါ ကိုယ်ဟာ အဲ့ဒီယောကျာ်းအတွက်…..
* ငွေရောင်နာရီလေးတွေကြားက အလှပဆုံး ရွှေရောင်နာရီလေး ဖြစ်လာလိမ့်မယ်။
*မတ္တမြားပွင့်တွေ ကြားက အတောက်ပဆုံး စိန်လေးတစ်ပွင့် ဖြစ်လာလိမ့်မယ်။
*ရောင်စုံပန်းပွင့်လေးတွေကြားက အမွှေးပျံ့ဆုံး တော်ဝင်သဇင်ပန်းလေး ဖြစ်လာလိမ့်မယ်။
အဲဒီအချိန်မှာ ကိုယ်က ယောကျ်ားလေးတိုင်း လိုချင်ကြတဲ့ အရည်အချင်းတွေနဲ့ ထူးထူးခြားခြား ပြည့်စုံနေတဲ့ မိန်းကလေး တစ်ယောက်ဖြစ်မနေခဲ့ရင်တောင်၊ ကိုယ်အပေါ် တကယ်ချစ်တဲ့သူက မြတ်မြတ်နိုးနိုးကို ချစ်ခွင့်ပန်လိမ့်မယ်။ တန်ဖိုးထားပြီးတော့ လက်တွဲဖို့ကြိုးစားပါလိမ့်မည်။
ကိုယ်ပိုင်ဆိုင်ထားတဲ့ အလင်းရောင်သေးသေးလေး ကိုပဲ သူ့ကမ္ဘာကြီးလို့ မှတ်ယူလိမ့်မယ်။ ကိုယ့်ပျော်ရွှင်မှုဟာ သူ့ပျော်ရွှင်မှုလို့ မှတ်ယူပြီး ကိုယ့်ကို ပျော်ရွှင်ခြင်းတွေ ဖန်တီးပေးလိမ့်မယ်။ အဲဒီယောကျာ်းတစ်ယောက်အတွက်တော့ ကိုယ်ဟာ ကိုယ်ဖြစ်နေတာနဲ့တင်ပဲ တန်ဖိုးထား မြတ်နိုးထိုက်သူ ဖြစ်နေလိမ့်မယ်။
အဲဒီအခါ တချိန်တုန်းက ကိုယ်ခံစားခဲ့ရတဲ့ သိမ်ငယ်မှုတွေ၊ နာကျင်မှုတွေဆိုတာ ပြန်လိုက်ရှာ ရင်တောင်တွေ့ရတော့မှာ မဟုတ်ပါဘူး။ အခုလိုနာကျင်ခံစားပြီး ကိုယ့်ကိုယ်ကို ပြန်ရှက်ရွံ့နေမိမှာပါ။ ရယ်လည်း ရယ်ချင်မိမှာပါ။
အဲဒါကြောင့် ကိုယ့်ကိုယ်ကို ဘယ်တော့မှ လျှော့မတွက်ပါနဲ့နော်။ ကိုယ်ဟာ ကိုယ်နဲ့ထိုက်တန် တဲ့ ယောကျာ်း တစ်ယောက်နဲ့တွေ့တဲ့အခါ မြတ်မြတ်နိုးနိုး ချစ်ခွင့်ပန်ခံရထိုက်တဲ့၊ တန်ဖိုးရှိတဲ့မိန်းမသား တစ်ယောက်ဆိုတာ ကိုယ့်စိတ်ထဲမှာ စွဲစွဲမြဲမြဲ မှတ်ထားလိုက်ပါနော်။
Labels:
အချစ်ရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment