Sunday, 26 January 2020

လူတစ်ယောက်နဲ့ ဆုံတွေ့တိုင်း စိတ်ရော ကိုယ်ပါ နူတ်ဆက်ပါ ။ ( အရမ်းကောင်းလို့ ဖတ်ဖြစ်အောင် ဖတကြည့်ပါ)

သားသတ် စက်ရုံ တစ်ခုမှာ အလုပ်လုပ်တဲ့ အမျိုးသမီး တစ်ယောက်ဟာ သူ့အလုပ် ချိန်ပြီး ခါနီး အိမ်မပြန်ခင်လေးမှာ ခုတ်ထစ်ပြီး အမဲသားတွေကို မပုတ်သိုးအောင် တန်းစီချိတ်ဆွဲ ထားတဲ့ အအေးခန်း ထဲကို ဝင်စစ်ဆေးပါတယ်။

ဝင်ပေါက်သံ တံခါးကြီးဟာ ရုတ်တရက် ပိတ်သွား တယ်။ တံခါးကြီးဟာ အထဲကနေ ဖွင့်လို့ မရဘဲ အပြင်ကနေပဲ ဖွင့်လို့ရတယ်။

အအေးခန်းထဲက အပူချိန် ကလည်း ရေခဲမှတ် အောက် ရောက်တဲ့ အထိ အေးနေတယ်။ အခန်းတစ်ခုလုံးလည်း အလင်းရောင် မရှိ မှောင်ပိန် းသွား တယ်။

သူလည်း ကြောက်အား လန့်အားနဲ့ အသံကုန် အော် တယ် ။ တံခါးကို လက်နဲ့ တဝန်းဝုန်း ထုပုတ်တယ်။ ဒါပေမဲ့ ဝင်ပေါက်တံခါးဟာ သံထုထည် ကြီးကြီးမားမားနဲ့ အထူကြီး လုပ်ထား တာမို့ အပြင်က လူတွေ မကြားနိုင်ပါဘူး ။

နောက်ပြီး အလုပ်ဆင်း ချိန်မို့ အလုပ်သမား အားလုံး နီးပါးလည်း အိမ်ပြန် သွားကြ ပြီ။ သူလည်း တံခါးကို ထုလိုက်၊ အော်ခေါ်လိုက်နဲ့ တစ်နှစ်ရီ ကြာတော့ လက်တွေနာ၊ အသံကုန် မောပန်းလာလို့ အအေးခန်းအတွင်းနံရံကို မှီရင်း နားနေ လိုက်တယ်။

တဖြည်းဖြည်းနဲ့ အအေးဓါတ်ဟာ သူ့ရဲ့အရိုးအဆစ်တွေကို ကိုက်ခဲ လာစေပါ တယ်။ နောက်ပြီး သူ့ ကိုယ်အပူရှိန်ဟာ အရမ်း ကျဆင်း လာတာ ကြောင့် တကိုယ်လုံး မလှုပ်မယှက် နိုင်လို့ နံရံကို မှီထားရတယ်။ သူ ပိတ်မိနေတဲ့အချိန်ဟာ ၂ နာရီ၊ ၃ နာရီ၊ ၄ နာရီ ကြာလာပြီ။

သူ့မျက်လုံးတွေ မှေးလာပြီး ဖွင့်မရအောင် ဖြစ်နေတယ်။ သတိကလည်း ရလိုက် မရလိုက် ဖြစ်နေပြီ။

သူ့မျက်နှာ၊ အဝတ်တွေမှာ နှင်းခဲတွေ ဖုံးနေပြီ။ ၅ နာရီ ကြာသွားပြီ။ သူ မျှော်လင့်ချက် မရှိတော့လို့ စိတ်ကို လုံးဝလျှော့လိုက်ပြီ။ သေမင်းလက်ကို အပ်နှံ လိုက်ပြီ။

ဒီအချိန်မှာပဲ အအေးခန်း တံခါးကြီးဟာ ရုတ်တရက် ပွင့်လာတယ်။ တံခါးပေါက်မှာ လူတစ်ယောက်ရဲ့ ပုံရိပ်ပေါ်လာနေတယ်။ အပြင်က စူးရှတဲ့ အလင်းရောင်ကြောင့် မှောင်နေတဲ့ အခန်းထဲကနေ သဲသဲကွဲကွဲ မမြင်ရဘူး။

သူ မျက်စေ့ကို အတင်းဖွင့်ပြီး အားစိုက်ကြည့် လိုက်တော့ လုံခြုံရေး အစောင့် အဖိုးကြီး ဖြစ်နေတယ်။ မကြာခင် ဆေးရုံက လူနာတင်ကား ရောက်လာ တယ်။ သူနာပြုတွေက သူ့ကို စောင်တွေနဲ့ပတ်၊ ထမ်းစင်နဲ့ သယ်ပြီး ဆေးရုံကို ခေါ်သွားတယ်။ သူ အသက်ရှင် ခဲ့ပါ တယ်။

သူ သက်သာလာလို့ ဆေးရုံက ဆင်းတော့ သူ့ကို အသက်ကယ်ပေးခဲ့တဲ့ လုံခြုံရေး အဖိုးကြီကို ဘာကြောင့် အအေးခန်းတံခါးကို သူ့အလုပ် မဟုတ်ဘဲ လာဖွင့်ပေး ရတာလဲလို့ မေးလိုက် တယ်။ အဖိုးကြီးက ခုလို ပြန်ဖြေတယ်။

“ငါ ဒီသားသတ် စက်ရုံမှာ လုပ်နေတာ ၃၅ နှစ် ရှိ သွားပြီ။ ဒီစက်ရုံမှာ နေ့တိုင်း အလုပ်လာ၊ အလုပ်ပြန်ကြသူတွေ ရာနဲ့ချီ ရှိတယ်။

ဒါပေမဲ့ ငါ့ကို မနက်တိုင်းမှာ နူတ်ဆက်တဲ့သူ မင်းအပါအဝင် နည်းနည်းလေးပဲ ရှိတယ်။ ကျန်တဲ့ လူတွေက ငါ့ကို ရှိတယ်လို့တောင် အလေးမထားသလို အဖက်လည်း မလုပ်ကြပါဘူး။

အဲဒီနေ့ မနက်က မင်း ငါ့ကို အရင်အတိုင်းပဲ “ဟဲလိုး ဂွတ်မောနင်း”ဆိုပြီး နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြနူတ်ဆက်ခဲ့တယ်။
ညနေ အလုပ်ဆင်း ချိန်မှာ ငါ အရင်ကြာ းနေကျဖြစ်တဲ့ “ဘိုင်ဘိုင် မနက်ဖြန် ပြန်တွေ့ကြမယ်” ဆိုတဲ့ အသံကို မကြားမိဘူး။

ဒါကြောင့် မင်း အလုပ်ကနေ မပြန်သေးဘူးဆိုတာ ငါသိနေတယ်။ ဒါပေမဲ့ မင်း အချိန်ပို ဆင်းနေတယ်လို့ ထင်တာကြောင့် ငါ မင်းအတွက် စိတ်မပူပါဘူး။

ဒါပေမဲ့ အလုပ်ဆင်းလို့ ၃ – ၄ နာရီ ကြာတဲ့အထိ မင်း မပြန်သေးဘူးဆိုတော့ မင်း တစ်ခုခု ဖြစ်နေပြီ ထင်ပြီး ငါ စိတ်ပူလာတယ်။

ဒါကြောင့် စက်ရုံအနှံ့ လိုက်ရှာကြည့်တယ်။ မတွေ့လို့ နောက်ဆုံးမှာ အအေးခန်းတံခါးကို ဖွင့်လိုက်တော့ မင်းသတိလစ်နေတာကို တွေ့လိုက်ရတာပဲ”

ပေးချင်တဲ့ သတင်းစကားကတော့…

လူတစ်ယောက်နဲ့ ဆုံတွေ့တိုင်း စိတ်ရော ကိုယ်ပါ နူတ်ဆက်ပါ။ အဲဒီလို လုပ်ခြင်းကြောင့် သင့်အတွက် ထူးပြီး ပင်ပန်းသွားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ တချိန်မှာ ဒီအဖြစ်အပျက်ထဲကလို နူတ်ဆက်ခြင်းက သင့်အသက်ကို မကယ်တင် နိုင်ဘူးလို့ ဘယ်သူပြောနိုင် ပါ့မလဲ။

အပေါ်က လူမို့ ဖားပေါင်းမယ် အောက်က လူမို့ဖိနိမ့်မယ် ဆိုတာမျိုး ဆင်းရဲ ချမ်းသာမ ခွဲခြားနေပဲ အရာရာကို တန်းတူ အသိမှတ်ပြု တန်ဖိုးထား ဆက်ဆံ နိုင်ကြ ပါစေ ။

Copy…….

No comments:

Post a Comment