Monday, 13 January 2020
စိတ်တွေအရမ်းပင်ပန်းလာတဲ့အခါ ဟန်ဆောင်ထိန်းချုပ်မထားဘဲ အားရပါးရငိုချပစ်လိုက်ပါ
ငိုတယ်ဆိုတာ ပျော့ညံ့တာမဟုတ်ပါဘူး။ ရင်ထဲမှာစုပြုံလာတဲ့ ခံစားချက်အစိုင်အခဲတွေ အရည်ပျော်ကျလာခြင်းဖြစ်ပါတယ်။
ငိုချလိုက်တဲ့ အခါ ကျန်းမာရေး အတွက် ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ရနိုင်တာကြောင့် ငိုချင်လာတဲ့အခါ ငိုချလိုက်ပါ၊ ဟန်ဆောင်တင်းမထားပါနဲ့။ ငိုချင်လာတဲ့ အချိန်မငိုဘဲ ဟန်ဆောင် ထိန်းချုပ် ထားတဲ့ အခါ စိတ်ကို အရမ်းပင်ပန်း စေပါတယ်။
ငိုချလိုက်တဲ့အခါဒီလိုအံ့မခန်းအကျိုးကျေးဇူးတွေ ရလာပါလိမ့်မယ်။
စိတ်ဖိစီးမှုတွေကို လျော့နည်းသွားစေတယ်
စိတ်ဖိစီးမှုတွေများနေတဲ့အခါ အာရုံကြောဆုံနေရာလေးတွေတင်းကြပ်နေပြီး ခေါင်းကိုက်ခြင်း၊ပင်ပန်းခြင်းကိုခံစားရပါတယ်။ ငိုချလိုက်တဲ့အခါ အဲ့ဒီလိုတင်းကြပ်မှုတွေ ပြေလျော့သွားပြီး စိတ်ဖိစီးမှုတွေကိုလည်း နည်းသွားစေပါတယ်။
သွေးတိုးရောဂါဖြစ်နိုင်ချေနည်းသွားတယ်
စိတ်အရမ်းပင်ပန်းနေချိန်မှာ ငိုချလိုက်ခြင်းက သွေးဖိအားကို ပုံမှန်ဖြစ်စေပြီး သွေးတိုးရောဂါမဖြစ်အောင် ထိန်းညှိပေးနိုင်ပါတယ်။ ဒါပေမယ့် အလွန်အကျွံစိတ်ထိခိုက်ပြီး အချိန်ကြာကြာငိုကြွေးခြင်းကတော့ နှလုံးကို ထိခိုက်စေ ပါတယ်။
ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေထွက်သွားတယ်
စိတ်တည်ငြိမ်အောင် ပိုထိန်းနိုင်လာတယ်
လူတစ်ယောက်က ဖိစီးမှုတွေ အရမ်းများပြီး ဒါကို ဖွင့်ထုတ်ခွင့် မရှိဘဲ ဟန်ဆောင် အားတင်း နေရတဲ့အခါ စိတ်တိုလွယ်၊ စိတ်ထိခိုက်လွယ်ပြီး စိတ်အတက်အကျ အရမ်းမြန် နေတတ် ပါတယ်။
ကိုယ့်ကိုယ်ကို ဟန်ဆောင် ထိန်းချုပ် မထားဘဲ ငိုချင်တဲ့ အချိန် ငိုချလိုက်တဲ့ အခါ စိတ်အတက်အကျတွေသိပ်မဖြစ်တော့ဘဲ မိမိကိုယ်ကိုတည်ငြိမ်အောင် ပိုပြီးထိန်း လာနိုင် ပါတယ်။
စိတ်ဒဏ်ရာမဖြစ်စေတော့ဘူး
ရင်ထဲမှာ သိမ်းဆည်း ထားတာ များတဲ့သူတွေဟာ စိတ်ဒဏ်ရာများတဲ့သူတွေ ဖြစ်လာ ပါတယ်။ ကိုယ့်စိတ်ခံစားချက်တွေ၊ ဝမ်းနည်းမှုတွေကို သိမ်းဆည်းမထားဘဲ ငိုချပစ်လိုက်ခြင်းက လူကိုပေါ့ပါးသွားစေတာကြောင့် စိတ်ဒဏ်ရ ာတွေမဖြစ်ေ တာ့အောင် ကူညီပေးနိုင် ပါတယ်။
written by PP
လေးစားမှု ဖြင့် ခရက်ဒစ်
Labels:
အချစ်ရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment